International News

တရုတ်ပြည်မကြီးမှ ခရီးသွားအသက်အာမခံအသုံးစရိတ်များ (၇၆) ရာခိုင်နှုန်း လျော့ကျလာခြင်း

Last Updated:

COVID-19 ကြောင့် ဟောင်ကောင်ဒေသသို့ ခရီးသွားများလာရောက်မှုကို ကန့်သတ်ထား ရာ တရုတ်ပြည်မကြီးမှ ခရီးသွားများ လာရောက်မှု အဆိုးရွားဆုံးလျော့ကျလာကာအသက်အာမခံ နှင့် ပတ်သက်၍ သုံးစွဲမှုများ လျော့ကျခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ် ပြည်မကြီးမှ ခရီးသွားများ၏ အသက်အာမခံအသုံးစရိတ်မှာ ဟောင်ကောင်ဒေါ်လာ(၆.၂) ဘီလီယံ ရှိရာ ၂၀၁၉ ခုနှစ်နှင့် ကာလတူ နှိုင်းယှဉ်လျှင် (၇၆) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ အသက်အာမခံ အတွက်အသုံးစရိတ်မှာ တရုတ်ပြည်မကြီးမှ လာရောက်သူများ၏ စုစုပေါင်း အသုံးစရိတ်၏ (၁၀) ရာခိုင်နှုန်းရှိကြောင်း၊ COVID-19 ထိန်းချုပ်ရန် ဟောင်ကောင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ များအနေဖြင့် အသွားအလာ ကန့်သတ် စောင့်ကြည့်မှု (၁၄) ရက် နေထိုင်ရန် ကန့်သတ်မှုများကြောင့် ခရီးသွားများ လာရောက်မှုလျော့ကျကာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့မှ၊ ဇွန်လ (၃၀) ရက်နေ့အတွင်း လျော့ကျမှုအများဆုံးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သူ ရာခိုင်နှုန်းအားဖြင့် (၉၀) ရာခိုင်နှုန်းနှင့် တန်ဖိုးအား ဖြင့် (၂.၆၈) မီလီယံ လျော့ကျခဲ့ကြောင်း၊ အသက်အာမခံ အသုံးစရိတ်အများဆုံး အသုံးပြုသူမှာ တရုတ်ပြည်မကြီးမှ လာရောက်သူများဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဟောင်ကောင် ဒေါ်လာ (၇၂.၆၈) ဘီလီယံဖြင့် အများဆုံး ဝယ်ယူခဲ့ကြောင်း၊ COVID-19 ရောဂါဆက်လက်ဖြစ်ပွားနေလျှင် ဟောင်ကောင်မှ အသက်အာမခံဝယ်ယူမှုများ ပြန်လည်မြင့်တက်လာရန် အခွင့်အလမ်းမရှိနိုင် ကြောင်း၊ အသက်အာမခံလုပ်ငန်းကိုယ်စားလှယ်အများစုမှာ တရုတ်ပြည်မကြီးမှဝယ်ယူသူများ သိသာစွာလျော့ကျလာမှုနှင့် ကြုံတွေ့နေ ရကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “Spending By Mainlanders Slumps 76 pc” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News